ပေါင်းတည်မြို့နယ် ဘုန်းတော်ကြီးသင် မူလတန်ကျောင်း၌ စားသုံးသူရေးရာဆိုင်ရာ အသိပညာပေးဟောပြော

ပေါင်းတည် ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မင်းကွက်(၂)ရပ်ကွက် မဟာဝိသုတာရာမ စာသင်တိုက်အတွင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော ဘုန်းတော်ကြီးသင်မူလတန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျောင်းသူ၊ ကျောင်းသားလေးများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအနေဖြင့် အန္တရာယ်ကင်းရှင်းသောမု့န်ပဲသရေစာများ ဝယ်ယူစားသောက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားသည်။

​အဆိုပါ ဟောပြောပွဲ၌ စားသုံးရေးရာဦးစီးဌာန၏ ကုန်ညွှန်းအမှတ်အသားများအကြောင်းကို နမူနာပုံစံများဖြင့် စားသုံးရန်မသင့်သောမုန့်ပဲသရေစာများကို လက်တွေ့ပြသ ရှင်းလင်းဟောပြောခဲ့ရာ ကျောင်းတာဝန်ခံဆရာကြီး ဦးဘုန်းမော်ဦး၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက်)