ဆိပ်ဖြူ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပဆောင်ရွက်သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆိပ်ဖြူ (အ.ထ.က) ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဆိပ်ဖြူ (အ.ထ.က) ကျောင်းအုပ်ဆရာကြီး ဦးမျိုးအောင်က သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်ပေးသည့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားများ ပြောကြားပေးသည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူလဲ့ဇင်က ကျောင်းသား/ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်ဆိုင်ရာများအကြောင်း သိကောင်းစရာများကို ကျောင်းသား/ ကျောင်းသူများနှင့် ဆွေးနွေးဟောပြော ဆောင်ရွက်ပေးပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးမှူး ဒေါ်ယဉ်နွယ်ဦးက သဘာ၀ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ သဘာ၀ဘေးကျရောက်ချိန်၌ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးဟောပြောပေးခဲ့ကြကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)