ကျောက်မဲ ဇွန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက လူငယ်နှင့်စာဖတ်ခြင်းအကျိုး ကျေးဇူးကြီးမားမှု၊ လူငယ်တွေ ဘဝတိုးတက်ဖို့ ဘယ်လိုစာအုပ်တွေ ဖတ်သင့်သလဲနှင့် စိတ်ခွန်အားဖြည့် စာများဖတ်ရှု့ရန် ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းခင်မြတ်ဝါက စာဖတ်ပြီးတဲ့အခါ စာထဲက ကိုယ်ကြိုက်တဲ့အရာတွေကို ချရေးထားဖို့၊ လူငယ်တွေ အောင်မြင်ချင်ရင် စာများများဖတ်သင့်ကြောင်း၊ စာဖတ်ခြင်းကြောင့် အသိပညာ၊ အတတ်ပညာများရရှိခြင်း၊ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်ကြောင်း အသေးစိတ် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show ကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါဆွေးနွေးချက် အပြည့်အစုံကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင်လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)