ခရမ်း ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဋ္ဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန မြို့နယ်ရုံးမှ ဒေါ်အိအိငြိမ်းက လူငယ်များသတိပြုသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲ တက်ခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာမည့် ဆိုးကျိုးအန္တရာယ် များအကြောင်း၊ လူငယ်များ မူးယစ်ဆေးဝါးပတ်ဝန်းကျင်နှင့် ကင်းဝေးစေရန် ကာကွယ်ရမည့် နည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း (ခရမ်း )