ကျောင်းကုန်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန် များကို စျေးနှုန်းလျော့ချ၍ ယနေ့ နံနက် ၈ နာရီအချိန်က မြို့မဈေးအနီး၌ ရောင်းချပေးခဲ့သည်။
ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ စားဝတ်နေရေးအဆင်ပြေ ချောမွေ့စေရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ရည်ရွယ်ပြီး၊ ဆန်တစ်ပြည်လျှင် (၂၀၀၀) ကျပ် နှုန်းဖြင့် ဆန်(၅)အိတ်၊ ကြက်ဥတစ်လုံးလျှင် (၂၃၀)ကျပ်နှုန်း ဖြင့် ကြက်ဥအလုံး(၅၀၀)၊ အမဲသားတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်နှုန်းဖြင့် (၆)ပိဿာ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ပိဿာ (၈၀)တို့အား စျေးနှုန်းလျော့ချ၍ ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)