မြန်အောင်ခရိုင်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲ (ဒုတိယနေ့) ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ၊ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲ ဒုတိယနေ့ကို ယမန်နေ့နံနက် ၉ နာရီမှစ၍ မြန်အောင်မြို့အောင်ဇေယျအားကစားခန်းမတွင် ဆက်လက်ပြသလျက်ရှိသည်။

တံတားဦးမြို့တွင် နှီးခြင်းရက်လုပ်နည်း သင်တန်းအခမဲ့ ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  နှီးခြင်းရက်လုပ်နည်း (အခမဲ့) သင်တန်းကို ယနေ့နံနက် (၁၀)နာရီက ဖွင့်လှစ်ကြောင်း သိရသည်။

ကျိန္တလီမြို့၌ တိရိစ္ဆာန်အစာပင်သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ တိရိစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင်ကျိန္တလီမြို့၊ ပုန်းညှက်ကျေးရွာရှိ တောင်သူဦးကိုကိုဦးပိုင် စိုက်ကွင်းတွင် ကျင်းပခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင် လူငယ်‌ရေးရာအသိပညာပေးဟောပြောပွဲ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များ၊ ကျောင်းသား/ သူများ ဗဟုသုတများတိုးပွားစေရန်၊ နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် ရွှေပြည်သာမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မိုင်းဆတ်မြို့နယ် အ.မ.က(ဝိန်းဝိုင်)ကျောင်း၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များသည် ယမန်နေ့နံနက် (၉)နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အ.မ.က(ဝိန်းဝိုင်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့ (Community Centre)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရုံး (Community Centre)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့ အ.ထ.ကကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ပန်းချီ၊ကာတွန်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

ကျွန်းလှမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးမြေပဲ ဧက ၇၀၀၀ကျော် လျာထားစိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာသီးနှံများစိုကိပျိုးကြပြီး မြေပဲကို မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ စိုက်ပျိုးကြကြောင်း သိရသည်။
Subscribe to