ဟိုင်းကြီးကျွန်းမြို့၌ ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသခံပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန် ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁) ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးအရှေ့၌ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။