မိုင်းနောင် ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ပန်းချီ၊ကာတွန်းပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး အထက်တန်းဆင့်ကို အနာဂတ် ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ ၊အလယ်တန်းဆင့်ကို မူးယစ်အန္တရာယ် ပြည့်ရန်စွယ်ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊မူလတန်းဆင့်ကို ရှောင်လေဝေးဝေး မူးယစ်ဆေး ခေါင်းစဥ်များဖြင့် ပြိုင်ပွဲများပြုလုပ်ပေးကြောင်း သိရသည်။
အဆိုပါ စာစီစာကုံး၊ ပန်းချီဆေးရောင်ခြယ်နှင့် ကာတွန်းပြိုင်ပွဲ သို့မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများက ကြည့်ရှုအားပေးကာ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ခု နှစ်ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)