မြန်အောင်ခရိုင်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲ (ဒုတိယနေ့) ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ၊ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ

မြန်အောင် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲ ဒုတိယနေ့ကို ယမန်နေ့နံနက် ၉ နာရီမှစ၍ မြန်အောင်မြို့အောင်ဇေယျအားကစားခန်းမတွင် ဆက်လက်ပြသလျက်ရှိသည်။

အဆိုပါပြပွဲသို့ အ.ထ.က (၁) မြန်အောင်၊ အ.ထ.က(ခွဲ)ရေနံမြေ ကျောင်းသား /ကျောင်းသူများ၊ ဆရာဆရာမများလာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိညာပေးဟောပြောပွဲကျင်း ပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များ၏ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများ (MSMEs) ပြခန်း၊ ဝါးနှင့်ဝါးထွက် ပစ္စည်းများပြခန်း၊ သစ်နှင့်သစ်ထွက်ပစ္စည်းများပြခန်း၊ မြန်အောင်/ ရွှေပြည်သာ ရေနံမြေပြခန်း၊ တိုင်းရင်းဆေး ပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန ပြခန်း၊ စပါး(၁)ဧက(၁၀) တင်းနှုန်း ပိုမိုထွက်ရှိရေးပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၊ ကျန်းမာရေးဦးစီးဌာန အခမဲ့ဆေးကုသခန်း၊ စက်မှုလယ်ယာဦးစီးဌာနပြခန်းနှင့်မြန်အောင် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံပြခန်းများကို ဇွန်လ ၂၃ ရက်နေ့အထိ ပြသသွားမည်ဖြစ်

ကြောင်းသိရသည်။

မြန်အောင် (ပြန်/ဆက်)