နမ့်ဆန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေပေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန်က အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

တံတားမြို့၌ ကျောင်းကောင်စီကတိသစ္စာခံယူပွဲနှင့် အသင်းအလံပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ကျောင်းကောင်စီကတိသစ္စာခံယူပွဲနှင့် အသင်းအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က တံတားမြို့အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ် (Talk Show)ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် (၁၀:၀၀)နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန် ကနောင်ခန်းမတွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ   ၁၄:၀၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

လားရှိုးတွင် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဆင်းပွဲ အခမ်းအနားပြုလုပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး)၌ ယနေ့ (၂၃-၆-၂၀၂၃) ရက်၊ သောကြာနေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲအချိန်က ဌာနဆိုင်ရာဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို)အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

ကွန်ဟိန်းမြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က “လူငယ်နှင့် ဇွဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကွန်ဟိန်းမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌

ရွှေကျင်မြို့နယ် တောင်ဘက်ကျေးရွာတွင် စပါးမျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် အတန်းလိုက်စပါးကြဲသည့်နည်းစနစ် ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် စိုက်ပျိုးရေးဦးစီဌာနမှ (Drum Seeder) ဖြင့် အတန်းလိုက်စပါးကြဲသည့်နည်းစနစ်ပြပွဲကို ယနေ့နံနက် (၈)အချိန်က တောင်ဘက်ကျေးရွာရှိ တောင်သူ ဦးသက်မောင်မောင်လင်း၊ ဦးစိုးဝင်းနှင့် ဒေါ်မာမာထွေး တို့၏ တစ်ကွင်းတစ်စပ်တည်း (၁၅)ဧက စပါးခင်းတွင် ကျင်းပခဲ့သည်။
Subscribe to