ဟင်္သာတခရိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) ထုတ်ကုန်ပြပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/ ၂၀၂၃) ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက ဟင်္သာတခရိုင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) ထုတ်ကုန်ပြပွဲ ကျင်းပပြုလုပ် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ်တွင် လမ်းပြကြယ် ငွေစုငွေချေးသမဝါယမအသင်းလီမီတက်မှ ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အသင်းသား (မိသားစု)ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ပထမအပတ် စနေနေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းပြကြယ်ငွေစုငွေချေးသမဝါယမအသင်းလီမီတက်မှ ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အသင်းသား (မိသားစု)ဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က အဆိုပါအသင်းရုံး၌ ကျင်းပခဲ့သည်။

ချီဖွေမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထက်၊ လယ်၊ မှုအဆင့် စာစီစာကုံးပြိုင်ပွဲ ယနေ့ နံနက် (၉) နာရီတွင် ကျင်းပခဲ့သည်။

နမ္မတူမြို့နယ် ပညာလင်္ကာရပရိယတ္တိသီလရှင်စာသင်တိုက်၌ ဒုတိယအကြိမ် ပရိယတ္တိအခြေခံ အာဂုံစာပြန်ပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၈)ရှိ ပညာလင်္ကာရ ပရိယတ္တိသီလရှင်စာသင်တိုက်၌ ဒုတိယအကြိမ် ပရိယတ္တိအခြေခံ အာဂုံစာပြန်ပွဲကို ယမန်နေ့ နံနက် (၈)နာရီအချိန်က အဆိုပါစာသင်တိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြိုင်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ဇွန်လ ၂၆ ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ဇွန်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉  နာရီချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to