ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျတ်ရေးနေ့ အထိမ်းအမှတ် (Talk Show)ပြုလုပ်

ဒဂုံတောင်  ဇွန်  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် (၁၀:၀၀)နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်စကားပြောကြားခဲ့ပြီး ဓာတ်ပုံကျွမ်းကျင်-၂ ဦးသက်မင်းဟန်က အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရာများ၊ ကျောင်းသားလူငယ်များ အခြားပြန့်နှံ့ဝင်ရောက်နေသော စိတ်ကြွရူးသွပ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ဆိုးကျိုးများကို ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော သိကောင်းစရာများ ဆက်လက်ပြောကြားခဲ့ပြီး အများပြည်သူဗဟုသုတ ရရှိစေမည့် အသိပညာပေး အစီအစဉ်များကိုလည်း ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)