တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲ ကျင်းပ

တပ်ကုန်း ဇွန် ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို)အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ ပန်းချီပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က   ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်အတွင်းရှိ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြဝတီရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဆရာစံရပ်ကွက်၊ အမှတ်(၁)အလယ်တန်းကျောင်းနှင့်အမှတ်(၂) မူလွန်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူပေါင်း (၂၃)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး၊  ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြိုနယ်(Book Club)ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)၊ မြို့နယ်(Women Club)အဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)နှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသပေးထားသည့် မူးယစ်ဆေးဝါး ဆိုးကျိုးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

တင်စိုးလွင်