နမ့်ဆန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေပေး

နမ့်ဆန် ဇွန်လ ၂၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန်က အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကျောင်းသား/ကျောင်းသူများ သိရှိလိုက်နာသင့်သည့်အချက် များ၊ “မူးယစ်ဆေးဝါး တို့ရှောင်ရှား”ကဗျာ၊ “မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်”ဆောင်းပါး၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့်အမှာစာမှ ကောက်နုတ်ချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ ကားတွန်း၊ ဆောင်းပုဒ်များ စသည့်အချက်များပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်အား အခြေခံပညာအထက်တန်းကျောင်းခွဲ (ထ.ခွဲ.လ-၁)နှင့် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁)ကျောင်းတို့အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)