အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးပြဇာတ်တိုနှင့် ကျပန်းစကားပြောများ ကြိုတင် ဇာတ်တိုက်လေ့ကျင့်

မူဆယ် ဇွန် ၂

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူလေးများက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြဇာတ်တိုနှင့် ကျပန်းစကားပြောများကို ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားလျက်ရှိသည်။

အဆိုပါ အသိပညာပေး ပြဇာတ်တိုများနှင့် ကျပန်းစကားပြောများ ကြိုတင်လေ့ကျင့်ထားရှိမှုတို့ကို မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊ မူဆယ်မြို့နယ် ပညာရေးမှူး ဦးအယ်လ်ဇောရှန်လွမ်နှင့်တကွ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိကြသူများ လာရောက်ကြည့်ရှု အကဲဖြတ်အားပေးခဲ့ကြပါသည်။ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ Grade-8 ကျောင်းသူ မကြယ်စင်ဇော်က “မူးယစ်းဆေး၏ ဆိုးကျိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-5 ကျောင်းသားလေး မောင်ဇာနည်ထွန်းက “ရှောင်လေဝေးဝေး မူးယစ်ဆေး” ခေါင်းစဉ်တို့ဖြင့် ကျပန်းစကားပြော ကြိုတင်လေ့ကျင်ခဲ့ကြပြီး “မတောက်ပသော ကြယ်ပွင့်လေးများ” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ပြဇာတ်တိုအား Grade-9၊ Grade-11နှင့် Grade-12 ကျောင်းသား/သူ(၁၅)ဦးတို့က ကြိုတင်လေ့ကျင်ပြင်ဆင်ထားလျက် ရှိပါသည်။ ထို့အပြင် မူဆယ်မြို့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၂၂)မူးယစ်တပ်ဖွဲ့စုတို့က လည်း မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြပွဲများနှင့် ပြခန်းများကို စီစဉ်ဆောင်ရွက်ထားလျက်ရှိပြီး မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်ရုပ်ပြစာစောင်များ၊ စာအုပ်စာစောင်များကို ပြသဆောင်ရွက်သွားရန် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားလျက်ရှိကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)