ပုဗ္ဗသီရိ ဇွန် ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၃) ရက်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲမှူး မြင့်အောင်က ကျောင်းသားလူငယ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာများရရှိစေရန်၊ တရားစွဲဆိုခြင်းနှင့် ဥပဒေအကြောင်းအား သိရှိစေရန်၊ လူကုန်ကူးမှုအန္တရာယ် ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)