တန့်ယန်းမြို့နယ် အောင်တော်မူစေတီတော်မြတ်ကြီး၌ နဂါးရုံဘုရား ဌာပနာတော်သွင်းပူဇော်ပွဲကျင်းပ

တန့်ယန်း ဇွန် ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်ပေါ်တွင် တည်ထားလျက်ရှိသည့် ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူ စေတီတော်မြတ်ကြီးအနီး နဂါးရုံဘုရား ဌာပနာတော်သွင်း ပူဇော်ပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ ဌာပနာတော်သွင်း ပူဇော်ပွဲတွင် စေတီတော် တည်ဆောက်ရေးကော်မတီ သြဝါဒါဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလအား အမှူးထား၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် အကြီးအကဲများ၊ ဘုရား ဒါယိကာ ဒါယိကာမများ၊ စေတနာရှင်အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘုရား ဒါယိကာ၊ ဒါယိကာမများက နဂါးရုံဘုရား၌ ဌာပနာတော်များ သွင်းလှူပူဇော်ပွဲခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)