ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာမှ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၄၅၆ ဦးအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး

ဝမ်းတွင်း ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာမှ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၄၅၆) ဦးအား မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာများတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်းကျေးရွာစီမံကိန်းရန်ပုံငွေ (၃) ယူနစ်ကို နွားနန်း၊ ကုလားနှင့် ဖလန်ကန်ကျေးရွာတို့မှ (၃) ယူနစ်အတွက် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် အရင်းဆပ်ကာလ ပြည့်မြောက်ခဲ့၍ အဆိုပါ ကျေးရွာများမှ ပြန်လည်ပေးဆပ်ခြင်းနှင့် ထုတ်ချေးခြင်းတို့ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦး နှင့် ဝန်ထမ်းများက ကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးခဲ့သည်။ ယင်းသို့ ထုတ်ချေး ပေးရာတွင် ကျေးရွာ (၃) ရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၀၃ ဦးအတွက် ထုတ်ချေးငွေ ၇၅.၅၅ သန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၂၄၁ ဦးအတွက် ထုတ်ချေးငွေ ၇၂.၄၅ သန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးအတွက် ထုတ်ချေးငွေ ၉.၈၅ သန်းတို့ကိုအသီးသီးထုတ်ချေးပေးခဲ့ကြောင်းသိရသည်။         

သိန်းမြင့်ကျော်