ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အထက်တန်းအဆင့် စာလုံးပေါင်းသတ်ပုံအမှန် ရွေးပြိုင်ပွဲပြုလုပ်

ကွမ်းလုံ ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာလုံးပေါင်းသတ်ပုံ အမှန်ရွေးပြိုင်ပွဲကို ဇွန်လ(၂၃)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူ များက မြန်မာစာ/မြန်မာစကားစာအုပ်မှ ထုတ်နုတ်ထားသည့် စာလုံးများဖြင့် စာလုံးပေါင်းသတ် ပုံအမှန်ရွေး ပြိုင်ပွဲအား ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်မှ မိမိတို့ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှု ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)