ကမမောင်း ဇွန် ၂၆
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတို့ ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်က ကမ မောင်းမြို့ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်ခြင်းများကို လူစီကားရာ နေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးကြရန်၊ မိမိတို့၏ နေအိမ်ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကို မကြာခန စက္ကန့် (၂၀) ကြာတိုင်း ဆေးကြောရန်၊ တက်နိုင်သမျှ အိမ်မှာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယ လက္ခဏာခံစားရလျှင် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက် ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ် ပြည့် မပျက်မကွက်ခံယူကြရန် စသည့်အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်လှ