အ.ထ.က (ကျွန်းလှ) ၌ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)တွင် နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၃)နာရီ အချိန်ခန့်က အမှတ်(၄)ရပ်ကွက်ရှိ မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

ဖောင်းပြင်မြို့တွင် မိသားစုဝင်ငွေရရှိသည့် ပလတ်စတစ်ခြင်းတောင်း ရက်လုပ်ခြင်းသင်တန်းဖွင့်လှစ်

အလုပ်အကိုင်ရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန်အတွက် ပလတ်စတစ်ဖြင့် ပြုလုပ်သော ခြင်းတောင်းနှင့် လူအသုံးအဆောင်ပစ္စည်း ရက်လုပ်ခြင်းသင်တန်းကို ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ကြောင်း သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့်တာဝန်ရှိသူများ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား သို့တက်ရောက် ဂန္ဓာရီဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္တုများ လှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီ အချိန်က ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စုရှိ အစိုးရစက်မှု (အထက) ကျောင်းခြံဝင်း၌ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကွန်တိုင်ကျေးရွာအုပ်စုရှိ ကျေးရွာသူ/ကျေးရွာသားများ၊ စုစုပေါင်းအင်အား (၃၅၀) ဦးတို့ဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်အတွက် ၂ဝ၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး အဆိုပါသစ်ပင်စိုက်ပွဲတော်တွင် ကျွန်း-၁၅၀ပင်၊ ပျဉ်းကတိုး (၁၅၀) ပင်၊ မန်ဂျန်ရှား (၂၀၀) ပင်၊ဗန်ဒါ (၁၅၀) ပင်၊ ရေတမာ (၁၅၀) ပင်၊ သင်္ဂနက် (၁၅ဝ) ပင်၊ ခရေ (၁၅၀) ပင်၊ မယ်ဇလီ (၁၅၀) ပင်၊ စုစုပေါင်း (၁၂၅၀)ပင် စိုက်ပျိုး ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဓနုဖြူမြို့နယ်၌ မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ထီကွေ့ကျေးရွာအုပ်စု၊ ထီကွေ့ကျေးရွာ မျိုးစေ့ထုတ် တောင်သူ ဦးကျော်ဝင်းစိန်​၏ လယ်မြေ ၁၆.၀၀ ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ အသောကသီတဂူဘေးမဲ့ကျောင်းဝန်းတွင် မိုးရာသီသစ်ပင်၊ တိရစ္တာန်အစာပင်နှင့် ကော်ဖီစိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀း၃၀အချိန်က မြောင်းမြမြို့နယ် အသောကသီတဂူဘေးမဲ့တောရကျောင်းဝန်းအတွင်း ကျင်းပစိုက်ပျိုးသည့်မိုးရာသီသစ်ပင်၊ တိရစ္ဆာန်အစာပင်နှင့် ကော်ဖီစိုက်ပျိုးပွဲတော်အခမ်းအနားကို တက်ရောက်ခဲ့သည်။

အမာမြို့၊ ပျဉ်ဒရယ်သစ်တောကြိုးဝိုင်း အတွင်း ဒီရေတောသစ်ပင် ဧက(၂၀) စိုက်ပျိုးပွဲအခမ်းအနားကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ (၂)ဘဝသစ်ကျေးရွာရှိ ပျဉ်ဒရယ် သစ်တောကြိုးဝိုင်းအတွင်း ဒီရေတောသစ်ပင်ဧက (၂၀) စိုက်ပျိုးပွဲအခမ်းအနားကို (၂)ဘဝသစ်ကျေးရွာ၊ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေဘိုမြို့၌ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့၌ (၃၆) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ​ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်စိုးနိုင်ဦး သံတွဲမြို့၌ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်အားပေးချီးမြှင့်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဉီးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ယမန်နေ့နံနက် ၉း၃၀ နာရီက ပဒဲကောကျေးရွာအုပ်ရှိ သံတွဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ လေဘေးသင့် ဒေသများအား ပြန်လည် ထူထောင်ရေးဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်အားပေးချီးမြှင့်ပေးခဲ့သည်။

ပန်းတနော်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး Talk Show ကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to