ချောက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များဖြန့်ဝေ

ချောက် ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သို့ဖြန့်ဝေနိုင်ရေး မြို့နယ်ပညာရေးမှူးရုံးနှင့် ​မြို့​ပေါ်အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ ဇွန်လ (၂၃)ရက်နေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်ဆောင်းပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ၌ ပြောကြားခဲ့သည့်အမှာစကားမှ ကောက်နုတ်ချက်၊ မူးယစ်ဆေးဝါးတို့ ရှောင်ရှားကဗျာ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်​ဆေးသုံးစွဲရ​​ခြင်းအကြောင်းအရင်း၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ ကာတွန်း၊ဆောင်ပုဒ်များ စသည့်အချက်များ စုံလင်စွာဖော်ပြပါရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)