စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ''စာဂုဏ်ထွန်းပ နတ်တော်လ'' စာစီစာကုံးပြိုင်ပွဲ ဆုများချီးမြှင့်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲနှင့် ''စာဂုဏ်ထွန်းပ နတ်တော်လ'' စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ပံသုကျီခန်းမ၌ ကျင်းပသည်။

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

မိုးနဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ခုဘဏ္ဍာနှစ်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးကျော်မြင့်လွင်ဦးက မိတ်ဆက်စကားပြောကြားခဲ့သည်။

မချမ်းဘောမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင် လူဦးရေစာရင်းများ ထုတ်ပြန်ကြေညာ

ကချင်ပြည်နယ်၊ ပူတာအိုရိုင် မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန် မြို့နယ်အတွင်းရှိ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက် ၆ နာရီမှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

တာမွေမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့် သင်တန်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၄)အခြေခံပညာ အထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့သည်။

အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဝါးပတောသက္ကယ်ကျွန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို​ ယမန်နေ့မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးပတောသက္ကယ်ကျွန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၌ ရေတိုက်စားသွားသော လမ်းတာဘောင်အား ပြန်လည်ပြုပြင်ပေး      

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး မြို့နယ်လမ်းဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက်ပျက်စီးနေသည့် လမ်းများအားပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၌ ရေတိုက်စားသွားသည့်လမ်းတာဘောင်အား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကျင်းပ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သန်လျင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက ပြုလုပ်သော အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ (ရခိုင်) စေတီတော်မြတ်ကြီး သန္တိသုခဓမ္မာရုံ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများက နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ကျောက်တန်းမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျောက်တန်းမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ ကျောက်တန်းမြို့နယ်၊ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။
Subscribe to