ဖယ်ခုံ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၃)အား၂၀၂၆ခုနှစ်ဇန်နဝါရီလ၂၅ရက် နေ့တွင်ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နေ့လည်၁၁နာရီခွဲတွင် ဖယ်ခုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ရှိခန်းမ၌ ကျင်းပရာအရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ်ကျော်နိုင်ဦးကဖယ်ခုံမြို့နယ်ရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှစစ်ဆင်ရေးကွပ်ကဲ ရေးမှုးဗိုလ်မှူးကြီးကျော်ဇော၊ ဖယ်ခုံမြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထွန်းရွှေနှင့်အဖွဲ့ဝင် များ ၊ဌာနဆိုင်ရာတာဝန် ရှိသူများ၊မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများကတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာဖယ်ခုံမြို့နယ်အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိမဲရုံကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအားလိုက်လံ စစ်ဆေးကြည့်ရှုရာဖယ်ခုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူ များ၏ရှင်းလင်း တင်ပြမှုအပေါ်လိုအပ်သည်များကို ပြန်လည်ဆွေးနွေးသွားသည်။ ထိုနောက် ဖယ်ခုံမြို့နယ်၌ ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)တွင် ပါဝင်သောကြောင့် ရွေးကောက်ပွဲ ဆိုင်းရာလုပ်ငန်းများကို တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်