ကြံခင်းမြို့၊ အ.မ.က(ရွာသစ်မြောက်)ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံမူလတန်း ကျောင်း(ရွာသစ်မြောက်)၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး၊ ကျောင်းစုမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ချွန်းစုကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဇန်နဝါရီလ ၁၇ ရက်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့၌ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်ဝါရီလ ၁၇ ရက်နေ့နံနက် ၉ နာရီမှစတင်၍ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(အုတ်ဖို)ဧရာခန်းမ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

လားရှိုးမြို့ အမှတ်(၂၇)အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ အခြေခံပညာ ဦးစီးဌာနဖြင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂၇)အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ကျင်းပသည်။

ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အ-မ-က(အုန်းတောကြီး) ကျောင်းသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိူင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ရီရီလွင်နှင့်ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ (၁) နာရီက အမှတ်(၃)ရပ်ကွက် အ-မ-က(အုန်းတောကြီး)စာသင်ကျောင်းသို့ နယ်လှည့်ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ စာဖတ်ရှိန်​​မြှင့်တင်ရေးဟောပြောပွဲ ဆောင်ရွက်  ရာတွင် ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုသည့် အလေ့အထများရရှိစေရန်နှင့် ရည်မှန်းချက်ထားရှိပြီး ဖတ်မှတ်လေ့လာမှသာဘဝတိုးတက်မည်ဖြစ်ကြောင်း ပုံပြင်ဥပမာများဖြင့် ဟောပြောပေးခဲ့ပြီး၊ နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များ ငှားရမ်းခြင်းတို့ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပမည့်ဖယ်ခုံမြို့နယ်အတွင်းတာဝန်ရှိသူများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၃)အား၂၀၂၆ခုနှစ်ဇန်နဝါရီလ၂၅ရက် နေ့တွင်ကျင်းပပြုလုပ်မည် ဖြစ်သည့်အတွက်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နေ့လည်၁၁နာရီခွဲတွင် ဖယ်ခုံမြို့နယ် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ရှိခန်းမ၌

ကျေးသီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပပြုလုပ်နိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊‌ ကျေးသီးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက် MEVM (၄၅၆)လုံးနှင့် ဆက်စပ်ပစ္စည်းများ ‌ကျေးသီးမြို့သို့ ယမန်‌နေ့ ည (၆:၃၀)နာရီက ရောက်ရှိခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ပြည်သူများ‌အား ကျန်းမာရေးစောင့်ရှောက်မှု‌ပေးနိုင်ရေး‌ သွားရောက်ကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် သယံဇာတရေးရာဝန်ကြီး၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ယနေ့မွန်း လွဲပိုင်းက သွားရောက်၍ ပြည်သူများ‌အား ကျန်းမာရေးစောင့်ရှောက်မှု‌ ပေးနိုင်ရေးဆောင် ရွက်ထား ရှိမှုများအား သွားရောက် ကြည့်ရှုသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး၊ ပန်းတိုင်အတွက်နှုန်းရရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်အတွင်း သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး၊ ပန်းတိုင်အတွက်နှုန်းရရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။

ဇေယျာသီရိခရိုင်၌ အခြေခံရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့်အခြေခံစာရင်းကိုင်သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကျင်းပပြုလုပ်သည့်အခြေခံရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့်အခြေခံစာရင်းကိုင်သင်တန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ဖွင့်လှစ်ကြောင်း သိရသည်။
Subscribe to