ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာ၊ လွယ်ကူလွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံများအား နေရာများခွဲ၍ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိ သူများအား တွေ့ဆုံကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာ မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မရမ်းကုန်းမြို့နယ်၌ EV CHARGING STATION ဖွင့်ပွဲ အခမ်းအနားကျင်းပ

Sandisolar Co,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်သော မြန်မာနိုင်ငံ၏ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး EV CHARGING STATION ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျိုက်ဝိုင်း ဘုရားလမ်းနှင့် ရွှေရတနာလမ်းထောင့်ရှိ ဓါတ်အားဖြည့်သွင်းရုံတွင် ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လျှပ်စစ်သုံးယာဉ်များပြေးဆွဲ/ အသုံးပြုရေးနှင့် အခြေခံ အဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ(၄) ဥက္ကဋ္ဌ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသန ဖွံဖြိုးရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းကော်မတီ(၅) ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (၆၂)နှစ်မြောက် အထိမ်းအမှတ် ယဉ်ကျေးမှုဖလှယ်ပွဲ ၂၀၂၆ အခမ်းအနား ကျင်းပ

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (၆၂)နှစ်မြောက် အထိမ်းအမှတ် ကျင်းပသည့် ယဉ်ကျေးမှုဖလှယ်ပွဲ ၂၀၂၆ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ COE Hall တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ သံရုံးများမှ တာဝန်ရှိသူများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကလောမြို့၌ ပထမအကြိမ် ပန်းပွဲတော်ပိတ်ပွဲကိုစည်ကားသိုက်မြိုက်စွာကျင်းပ

ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လေ့လာ လည်ပတ်နိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့မောမြေဦးပန်းခြံ၌ ပထမအကြိမ်ပန်းပွဲတော်ပိတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၆ နာရီကကျင်းပခဲ့ရာ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များ၊ မြို့မိ၊မြို့ဖနှင့်‌ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ကော့ကရိတ်မြို့တွင် အခြေခံစားသုံးသူပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာရောင်းချ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသုံးသူပြည်သူများအား စားဝတ်နေရေးလွယ်ကူ အဆင်ပြေစေရန်အတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဘေးတွင် ၁ ပိဿာ ၈၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၀၀ စုတို့အား တန်းစီစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

ဒလမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်မည့်ဝန်ထမ်းများနှင့် မဲဆန္ဒ နယ်ပြင်ပသွားရောက် မည့်သူများ ကြိုတင်ဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မဲရုံတာဝန် ထမ်းဆောင်မည့်သူများနှင့် သင်တန်းတက်ရောက်ရန်နှင့် ကျန်းမာရေးအရ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်မည့်သူများ နိုင်ငံသားအခွင့်အ‌ရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးတို့ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ ကြသည်။

မြဝတီမြို့တွင် နယ်စပ်ဖြတ်ကျော် မီးမိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ ဓမ္မာရုံတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

မိုးညှင်းမြို့နယ် ပင်ရဲလှကျေးရွာ၌ (၉)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပင်ရဲလှကျေးရွာ၌ (၉)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Subscribe to