ဇေယျာသီရိခရိုင်၌ အခြေခံရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့်အခြေခံစာရင်းကိုင်သင်တန်းဖွင့်လှစ်

နေပြည်တော် ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကျင်းပပြုလုပ်သည့်အခြေခံရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့်အခြေခံစာရင်းကိုင်သင်တန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ဖွင့်လှစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်ကျော်က အခြေခံရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့် အခြေခံစာရင်းကိုင်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များအားပြောကြားပြီး သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြများ ဖြစ်ကြသော ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်ကျော်နှင့် အဖွဲ့ဝင်နည်းပြများ‌ဖြစ်သည့် ဒေါ်မြတ်မြင့်မိုး၊‌ ဒေါ်စုစုခိုင်တို့က အခြေခံရုံးလုပ်ငန်းဆိုင်ရာဘာသာရပ်များနှင့် အခြေခံစာရင်းကိုင်ဘာသာရပ်များကို  ခရိုင်/မြို့နယ်အဖွဲ့ဝင်များ၊ MSME အသင်းဝင်များ၊ ပုဂ္ဂလိကကိုယ်ပိုင်မူလတန်းကြိုကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၃၅)ဦးအား ဇန်နဝါရီလ ၁၅ ရက်နေမှ ၁၆ ရက်နေ့အထိ သင်ကြားပို့ချ‌ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)