လေးမျက်နှာမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ မြို့နယ်အားကစားခန်မတွင် ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ယာယီရောက်ရှိလာသော အသက် (၁၈) နှစ်အထက် ပြည်သူများအား ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပဉ္စမအကြိမ်)မြောက် ဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပဥ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီရင်ပြင်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။

ဇလွန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းကျုံရှစာဖြူစု၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အား ကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို ဇန်နဝါနံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း​ ကျုံရှစာဖြူစု၌ ကျင်းပသည်။

လွိုင်လင်မြို့၊ ထင်းရှူးတောသဘာဝရိပ်သာသီလရှင်သင် မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ထင်းရှူးတော သဘာဝရိပ်သာသီလရှင်သင်မူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။

ပန်းတနော်မြို့နယ်အတွင်း၌ ခွေးရူးရောဂါကင်းစင်ပပျောက်နိုင်စေရေးအတွက် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ခွေးရူးရောဂါကင်းစင်ရေးအတွက် တိုင်းဒေသကြီး၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေဖြင့် ခွေးရူးရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့နံနက် ၁၀ နာရီအချိန်က ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃) မိုင်မြို့၌ ယနေ့နံနက် ၉ နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပသည်။

မြိတ်မြို့ အ.ထ.က (၁)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်မောင်မယ်များအား အသိပညာဗဟုသုတတိုးတက်ပြီး လူတော်လူကောင်းများဖြစ်စေရန်၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့နံနက်ပိုင်းက အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။

ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကြိုတင်ဆန္ဒမဲပေးခြင်းဆောင်ရွက်

၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၂၅ ရက်တွင် ငါန်းဇွန်မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီလ ၁၅ ရက်မှ စတင်၍ မြို့နယ်ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့၏ ဈေးရောင်းပွဲတော်နှင့် ဗန်းမော်တက္ကသိုလ် ဝန်ထမ်းများနှင့် ယာယီတိမ်းရှောင်အိမ်ထောင်စုများအား ထောက်ပံ့

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် မြစ်ကြီးနားလေဆိပ်တို့ ပူးပေါင်း၍ လေဆိပ်မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးစီမံချက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနား လေဆိပ်အဆောက်အအုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

လွိုင်လင်မြို့ လွိုင်မုံ့မိုင်းမူလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ လွိုင်မုံ့မိုင်းမူလွန်ကျောင်းသို့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီခွဲအချိန်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   
Subscribe to