နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး၊ ပန်းတိုင်အတွက်နှုန်းရရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်အတွင်း သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး၊ ပန်းတိုင်အတွက်နှုန်းရရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။

ဇေယျာသီရိခရိုင်၌ အခြေခံရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့်အခြေခံစာရင်းကိုင်သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကျင်းပပြုလုပ်သည့်အခြေခံရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့်အခြေခံစာရင်းကိုင်သင်တန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ဖွင့်လှစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အ.မ.က‌-‌တောင်ကလေးကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေး နယ်လှည့်စာကြည့် တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ ပေါင်း၍အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ် ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇန်န်ဝါရီ(၁၆) ရက်နံနက်ပိုင်းက ကျိုက်ထိုမြို့၊ တောင်က‌လေးကျေးရွာရှိ အ.မ.ကတောင်ကလေး  ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းမြို့အထက (၁)ကျောင်း၌ ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်သို့တက်ရောက် ကြည့်ရှုအားပေး

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ကျောင်းသူများစာ အုပ်စာပေ လေ့လာ ဖတ်ရှုနိုင်ရန်၊ စာပေလေ့ လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတ များကို ပြန်လည်မျှ‌ဝေအသုံးချနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်း စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အ‌ခြေခံပညာဦးစီး ဌာနတို့ပူးပေါင်းကျင်းပသော "စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို "စာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော်"ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပရာ အဆိုပါအခမ်း အနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတ ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး၊ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အမျိုးသားအဆင့် သတ်မှတ်ထားသည့် အခြေခံ စံချိန်စံညွှန်းနှင့် အညွှန်းကိန်းသတ်မှတ်ချက်ညီစေရေးကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အမျိုးသားအဆင့် တိုင်းဒေသကြီး၊ပြည်နယ်အဆင့်တို့မှပေးအပ်ချီးမြှင့်မည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်း မွန်သော မြို့၊ကျေးရွာ၊စက်ရုံ၊အလုပ်ရုံ လုပ်ငန်းဆုအတွက် အမျိုးသားအဆင့် သတ်မှတ် ထားသည့် အခြေခံစံချိန်စံညွှန်းနှင့်အညွှန်းကိန်းသတ်မှတ်ချက်ညီစေရေးကွင်းဆင်း စစ် ဆေးခြင်းကို ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၁၁ နာရီအချိန်က သတ်မှတ်အဖွဲ့များဖြင့်ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့၌ စာပေအသိပညာပေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်နယ်အတွင်းရှိ လူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ စာပေ၏အကျိုး ကျေးဇူးများ ပိုမိုသိရှိနားလည်လာစေရန်နှင့် မူးယစ်ကင်းစင်းသည့် လူတော်လူကောင်းများ ဖြစ်ပေါ် လာစေရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပလန(၁)၊ ခေတ်မီစံပြကျေးရွာ ရွှေပိတောက်ခန်းမ၌ အသိပညာ ပေးဟောပြောပွဲ ကျင်းပခဲ့သည်။

မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံ စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း(၁၀)ရက်မှ တပို့တွဲလပြည့်နေ့အထိ၊ ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ (၆) ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်း တက်ရောက်၊ စစ်တွမြို့ သာသနာ့ဗိမာန်တော်ကြီးအကြီးစား ပြုပြင်မွမ်းမံခြင်း နှင့်ပြီးစီးမှုအခြေ အနေများ၊ Quick Win  အစီအစဉ်ဖြင့်ဆောင်ရွက်နေသော ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ MSME ထုတ်ကုန်ပြပွဲနှင့် အထူးဈေးရောင်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

(၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ MSME ထုတ်ကုန်ပြပွဲနှင့် အထူးဈေးရောင်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
Subscribe to