တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၃၆) နှစ်မြောက် ကမ္ဘာ့ကလေးများနေ့အခမ်းအနားသို့ တက်ရောက်

(၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

မချမ်းဘောမြို့နယ်အတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ကျောင်းသူ ကြိုတင်ဆန္ဒမဲပေးသူ ၁၇ ဦးရှိ

မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများတွင် တက်ရောက်ကြရမည့် အဆိုပါနေ့ရက်တွင် အသက်၁၈နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မချမ်းဘောမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး သတ်မှတ်ကာလဖြစ်သည့် နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင်ဆောင်ရွက်ခဲ့သည်။

ပင်လုံမြို့ အ.ထ.က(၁)၌ ''အနာဂတ်လူငယ်နှင့် ဆိုရှယ်မီဒီယာ၏ကောင်းကျိုး/ဆိုးကျိုးများ" လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဥာဏ်ပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ စကားပြောအတတ်ပညာများကျွမ်းကျင်တတ်မြောက်စေရန်၊ ပရိတ်သတ်အများရှေ့တွင် ရဲဝံ့စွာပြောဆိုဆွေးနွေးတတ်စေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် စာပေများဖတ်ရှု့၍ အသိပညာဗဟုသုတများကိုပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ''အနာဂတ်လူငယ်နှင့်ဆိုရှယ်မီဒီယာ၏ကောင်းကျိုး/ဆိုးကျိုးများ" လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက သင်တန်းကို ဖွင့်လှစ်လျက်ရှိသည်။

စဉ့်ကိုင်မြို့နယ်၌ မဲဆန္ဒနယ်ပြင်ပတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအနက် မဲဆန္ဒနယ်ပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အ‌စည်းအ‌ဝေးခန်းမ၌  ဆန္ဒမဲပေးလျက်ရှိသည်။

လားရှိုးမြို့ အ.ထ.က (၆) ကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ ၃ နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းရှိ က‌မ္ဘောဇခန်းမ၌ ကျင်းပသည်။

မြစ်သားမြို့နယ် မဲဆန္ဒနယ်ပြင်ပတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများမှ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်အချိန်တွင် မဲဆန္ဒနယ်ပြင်ပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ မြစ်သားမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ ၂၀ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာပေးရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း အသိပေးထုတ်ပြန်ကြေညာခြင်းကို ယနေ့က စတင်ပြီး မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစားလာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၌ မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေငြာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်မဲ‌ပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေငြာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်‌ကျေးရွာ‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများရှိ ကြော်ငြာဘုတ်များတွင် ကြေငြာကြောင်း သိရသည်။

လားရှိုးမြို့တွင် စာဆိုတော်နေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာ‌စောင်များ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ရှမ်းမြောက်) မှ စာဆိုတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Subscribe to