မြဝတီမြို့တွင် နယ်စပ်ဖြတ်ကျော် မီးမိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ ဓမ္မာရုံတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

မိုးညှင်းမြို့နယ် ပင်ရဲလှကျေးရွာ၌ (၉)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ပင်ရဲလှကျေးရွာ၌ (၉)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြရွှေပြည်(ယာယီ)ကားကွင်းအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီး တံခွန်မြို့နယ်တွင် ချမ်းမြရွှေပြည် (ယာယီ)ကားကြီး ကွင်းအတွင်း၌ မီးလောင်မီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မီးဘေးလုံခြုံ ရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေး

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ဒါရ်ကာရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၊ ဗိုလ်ချုပ်ကျေးရွာ အမှတ်( ၁)အခြေခံပညာမူလတန်း( လွန်)ကျောင်း၊ အ.မ.ကမူ(လွန်)သူဌေးကွင်းကျောင်းနှင့် အ.ထ.က ပျဉ်ထောင်ကျောင်း တို့၌ဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ဇန်နဝါရီလ ၁၇ ရက်နံနက် ၈ နာရီခွဲအချိန်က လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။

ညောင်ဦးမြို့၌ ဟိုတယ် မိုတယ် တည်းခိုခန်းလုပ်ငန်းများ မီးဘေးလုံခြုံရေးကွင်းဆင်း ဆောင်ရွက်  

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည်နှင့်အညီ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း များအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက် နှင့်အညီ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျှက်ရှိရာ ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊တောင်ဘီကျေးရွာအတွင်းရှိ Thiri Pyitsaya Sakura ဟိုတယ်တွင် ဟိုတယ်ဝန်ထမ်း ၆၀ ဦးခန့်အား ဟိုတယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေးကွင်းဆင်းဆောင်ရွက် အသိပညာပေးခြင်းနှင့်လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) ရပ်ကွက်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက် Sweety Home Living Mallအရောင်းဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။

တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “တိုင်းရင်းသားလူငယ်များ အတွက် စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး လူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦး‌စောလင်းအောင် တက်ရောက်ချီးမြှင့်ခဲ့သည်။

ကြံခင်းမြို့၊ အ.မ.က(အင်းလပ်အနောက်)၌ ကျောင်းသား၊ကျောင်းသူများအား အာဟာရကျွေးမွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အ.မ.က (အင်းလပ်အနောက်)ကျောင်း၌ ယမန်နေ့က ၂၀၂၆ ခုနှစ်၊ ပထမအကြိမ် ကျောင်းသား၊ ကျောင်းသူများ အား အာဟာရကျွေးမွေး လှူဒါန်းခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် ချွန်းစုကျေးရွာ၌ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ကောင်းဖန်တီးပေးနိုင်ရန် ရည်ရွယ်ကျင်းပသည့် မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ယနေ့နံနက်ပိုင်းက ချွန်းစုကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to