ကျေးသီးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) ကျင်းပပြုလုပ်နိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ

ကျေးသီး ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊‌ ကျေးသီးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက် MEVM (၄၅၆)လုံးနှင့် ဆက်စပ်ပစ္စည်းများ ‌ကျေးသီးမြို့သို့ ယမန်‌နေ့ ည (၆:၃၀)နာရီက ရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသက်‌နောင်ဖြူနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက စနစ်တကျကြီးကြပ်စစ်ဆေးလက်ခံခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲစခန်းဓမ္မာရုံအခန်းမ၌ ပစ္စည်းအမျိုးအမည်ရေတွက်ခြင်း၊ စနစ်တကျနေရာချထား သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မဲပေးစက်များနှင့်ဆက်စပ်ပစ္စည်းများ လုံခြုံဘေးကင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့ဝင်များ၊နှင့်တာဝန်ရှိသူများ ပူးပေါင်း၍ လုံခြုံရေးရယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)