မြစ်ကြီးနား ဇူလိုင် ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုပြုဌာန (Community Centre)၌ တတိယအကြိမ်မြောက် ပန်းအလှဆင်/ ပန်းအလှပြင်သင်တန်းနှင့် အင်္ဂလိပ်စာ (4-Skill) သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့သည်။
ပန်းအလှဆင်/ပန်းအလှပြင်သင်တန်းတွင် သင်တန်းဆရာ ဦးသန်းမင်းဦးက ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးကောင်းမြို့နယ်တို့မှ စိတ်ပါဝင်စားသူ (၄၅) ဦးတို့အား ရင်ကပ်ပန်း၊ အမှတ်တရလက်ဆောင်ပန်းစည်း၊ မွေးနေ့ပန်းစည်း၊ ပန်းခြင်းပြုလုပ်နည်းများကို ဇူလိုင် ၁ ရက်နေ့မှ ၂ ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် အင်္ဂလိပ်စာ (4-Skill) သင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (G-5)နှင့် (G-6) ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ (၁)ရက်နေ့မှ အောက်တိုဘာလ(၁၄)ရက်နေ့အထိ ကျောင်းပိတ်ရက်များဖြစ်သော စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို ဒေသခံပြည်သူများ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတက်စေရန်နှင့် သက်မွေးပညာတစ်မျိုးမျိုး တတ်မြောက်ထားလျှင် ဘဝတစ်သက်တာ ရပ်တည်ရှင်သန်နိုင်ရေး အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ်အတွင်း ပန်းအလှဆင်/ပန်းအလှပြင်သင်တန်း (၄) ကြိမ်ထိ ဖွင့်လှစ်နိုင်ခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးကျော်ထက်ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)