တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ပျိုးပင်များစိုက်ပျိုး
မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား ယနေ့နက်ပိုင်းက ပုသိမ်မြို့၊ ကွန်ပျူတာတက္ကသိုလ်ဝန်းအတွင်း၌ ပြုလုပ်ခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။