လားရှိုးမြို့တွင် ဇီဝဆိုင်ရာအချက်အလက် စာရင်းကောက်ယူခြင်းများ စတင်ကောက်ယူ
နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် စတင်ဆောင်ရွက်ခဲ့သည်။