မြို့သစ်မြို့နယ်တွင် စားသောက်ကုန်နှင့် မုန့်မျိုးစုံရောင်းချနေသောဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့သစ်မြို့၊ မြို့မစျေးအတွင်း စားသောက်ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိတို့ကို ယမန်နေ့နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး အသိပညာပေးပြောကြားခဲ့သည်။