ပေါ်ဦးပေါ်ဖျား နာနတ်သီး ဈေးကောင်းရရှိ

ဇွန်လနှင့်ဇူလိုင်လသည် နာနတ်သီး ပေါ်ဦးပေါ်ဖျားရာသီဖြစ်သည့်အလျောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ သစ်သီးဆိုင်များနှင့် မြို့မဈေး များတွင် ဒေသခံတိုင်းရင်းသား သစ်သီးဈေးသည်များသည် နာနတ်သီးကို သူ့ထက်ငါအပြိုင်အဆိုင် ရောင်းချလျက်ရှိကာ ယခင်နှစ်ထက် ရောင်းအားကောင်းပြီး ဈေးကောင်းရရှိသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4, B.5, ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတို့ ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်က ကမမောင်း မြို့ ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4, B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်ခြင်းများကို လူစီကားရာ နေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်တွင် Biometric အချက်အလက်ကောက်ယူခြင်းနှင့် Unique ID နံပါတ်များထုတ်ပေး ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးဦးအောင်ကျော်မိုးနှင့်ဝန်ထမ်းများက Biometric အချက်အလက်ကောက်ယူခြင်းနှင့် Unique ID နံပါတ်များထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ်ရဲတပ်ဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်(၆)ရက် နေ့ကစတင်ဆောင်ရွက်ပေးခဲ့ရာယနေ့ညနေပိုင်းအထိ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် အခွန်လွတ်ဈေး ဖွင့်လှစ်ရောင်းချလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက စားသောက်ကုန်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ရေးအတွက်  ဓနုဖြူမြို့ အမှတ်(၈)ရပ်ကွက်၊ ဘုရားလမ်း၊ နာရီစင်အနီးတွင် အခွန်လွတ်ဈေးကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။

မူဆယ်မြို့တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားအလွတ်တန်းနှင့် အသက်(၂၅)နှစ်အောက် (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ဖလားအလွတ်တန်းနှင့် အသက်(၂၅)နှစ်အောက် (အမျိူးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မိုးလုံလေလုံအားကစားကွင်း၌ ပြိုင်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့တွင် ပါရမီဓမ္မစကူးလ်သင်တန်း စတင်ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊  ပါရမီ ဓမ္မစကူးလ်သင်တန်းကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့ စံရာတိုက်ထားဝယ်ကြီးကျောင်းတွင် စတင်ဖွင့်လှစ် သင်ကြားပေးကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီး အသစ်ပြန်လည်တည်ထားကိုးကွယ်ရန် အလှူငွေများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီးကို ရွှေစည်းခုံပုံတူအသစ်ပြန်လည်ပြုပြင် တည်ထားကိုးကွယ်သွားမည်ဖြစ်ရာ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက်ဝန်းအတွင်းရှိ မာတာပိတုပကာရ ကျောင်းတော်ကြီး ရေစက်ချအလှူမင်္ဂလာနှင့် သိက္ခာတော်ထပ် အလှူတော်မင်္ဂလာ အခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ‌နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက်၌ မတည် အလှူရှင်များနှင့် အများစုပေါင်းတည်ဆောက်လှူဒါန်းခဲ့ကြသော မာတာပိတုပကာရ ကျောင်းတော်ကြီး ရေစက်ချအလှူမင်္ဂလာတော်နှင့် သိက္ခာတော်ထပ် အလှူတော်မင်္ဂလာ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်၊ ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ကသာမြို့နယ် ဟိတဓရဓမ္မစကူးလ်အဖွဲ့မှ အပတ်စဉ်ယဉ်ကျေးလိမ္မာသင်တန်းစတင်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ဟိတဓရဓမ္မစကူးလ်အဖွဲ့မှ အပတ်စဉ် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ကသာမြို့ရေဝန်းကျောင်းတိုက်၌ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 သင်ရိုးသစ် ဆင့်ပွားသင်တန်း(ပထမ)ပတ် သင်ကြားပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်း (ပထမ) ပတ် သင်ကြားပို့ချမှုကို အခြေခံပညအထက်တန်းကျောင်း(သာပေါင်း)၌ ဇူလိုင်လ ၈ ရက်နေ့၊နံနက် ၉ နာရီမှ စတင်သင်ကြားပေးခဲ့ကြသည်။
Subscribe to