ညောင်တုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက တိုက်သစ်သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ဧက(၁၀၀)အတွက် တိုးချဲ့စိုက်ပျိုးရေပေးဝေမည်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၊ မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးတောင်သူများအတွက် ဧက(၁၀၀) စိုက်ပျိုးရေတိုးချဲ့ပေးဝေသွားမည်သည်။

ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သင်္ကန်းစုံများနှင့်ကျောင်းအသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့၊ နံနက် ၁၀ နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သင်္ကန်းစုံများနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများအား သွားရောက်ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မိုးသီးနှံ မိုးနေကြာမျိုးစေ့နှင့် သွင်းထားစုများဖြစ်သည့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား မှုခင်းပိုင်းနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

ကျောင်းသား၊ ကျောင်းသူများ လမ်းသွားလမ်းလာ စနစ်တကျစည်းကမ်းရှိစွာ သွားလာတတ်စေရန်ရည်ရွယ်၍ မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှ အခြေခံပညာအထက်တန်းကျောင်းများတွင် မှုခင်းပိုင်းနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၄)ရက်နံနက်(၁၀)နာရီတွင် အ.ထ.က(၂)ကျောင်း ရတနာခန်းမဆောင်၌ ဆောင်ရွက်ကြောင်း သိရသည်။

မြောင်းမြမြို့၌ (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမ‌နေ့ ကိုဂုဏ်ပြုသောအားဖြင့် မြမျိုးသန့် မျိုးစေ့ထုတ် သမဝါယမအသင်းအားပံ့ပိုးချေးငွေထုတ်ပေးခြင်း၊ စုဆောင်းငွေအပေါ်အတိုးနှင့်အသင်းသား ထောက်ပံ့ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် (၁၀၁)နှစ်မြောက်အပြည်ပြည်ဆိုင်ရာသမဝါယမ‌နေ့ကို ဂုဏ်ပြုသောအားဖြင့် မြမျိုးသန့် မျိုးစေ့ထုတ် သမဝါယမအသင်းအား ပံ့ပိုးချေးငွေထုတ်ပေးခြင်း၊ စုဆောင်းငွေအပေါ်အတိုးနှင့်အသင်းသား ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀နာရီအချိန်က သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

မုံရွာမြို့၌ မိသားစုကိုယ်ပိုင်လုပ်ငန်းဖြင့် သက်မွေးလိုသူများအတွက် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်

အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် မိသားစုကိုယ်ပိုင်လုပ်ငန်းဖြင့် ဝင်ငွေတိုးပွားရရှိစေရန်ရည်ရွယ်လျက် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းလျက် တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေကြီး စားသုံးသူရေးရာဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မောင်းနှင့် ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ် နှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ် ဘားလားချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ ဆယ်သိန်းငါးမျိုးစိုက်ထည့်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရွာမရပ်ကွက်ရှိ ဘားလားချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ ဆယ်သိန်းငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် ၉နာရီက ရန်ကုန်တိုင်းဒေသကြီး၊ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုးများစိုက်ထည့်ပေးကြောင်း သိရသည်။

မိုးညှင်းမြို့ ခရိုင်/မြို့နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင် ၃ ရက်နေ့ နံနက်(၉)နာရီမှစတင်၍ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

စလင်းမြို့နယ်၌ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ စုပေါင်းနှမ်းရောင်းချပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ တိုင်းတောင်သူဖွံဖြိုးရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် သီးနှံစုံစုပေါင်းရောင်းချပွဲကို စလင်းမြို့ ပုထိုးဖြူရပ်ကွက် ရွှေမန်းဇာတ်ရုံကြီးအတွင်း၌ ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က စတင်ကာ စုပေါင်းသီးနှံစုံရောင်းချပွဲကို ကျင်းပပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to