ဝေါမြို့နယ်၌ တောင်သူ၊ လယ်သမားများအား ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၀) စက်မှု လယ်ယာစခန်းမှ တောင်သူလယ်သမားများအား စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ ကောက်စိုက်စက်ဖြင့် တိုက်ရိုက်စိုက်ပျိုးနိုင်ရန် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျိုက်လှ ကျေးရွာအတွင်းရှိ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမဘေး ကွင်း အမှတ် ၆၈၇ (ခ) တောင်သူ ဒေါ်ရီစိန် ၏လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့ အထက(၁)တွင် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ အ.ထ.က(၁)ကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ တို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆောင်ရွက်

ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွား အကောင်ရေ ၆၀၀၀ အား ခွာနာ၊ လျှာနာ‌ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏာသိရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအားခွာနာ၊ လျှာနာ‌ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်း၊ မွေးမြူသူများအား ခွာနာ၊ လျှာနာ‌ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့် ဝေခြင်းများကို ဇွန်လ ၂၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

ဂန့်ဂေါမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်

ဂန့်ဂေါမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ် ဂန့်ဂေါ ဇူလိုင် ၄ ထင်အောင်နိုင်

ဒဂုံဆိပ်ကမ်းမြို့နယ် Community Centre ခန်းမတွင် မြန်အမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ကျင်းပ

ဒဂုံဆိပ်ကမ်းမြို့နယ် Community Centre ခန်းမတွင် မြန်အမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ကျင်းပ ဒဂုံ(ဆိပ်ကမ်း) ဇူလိုင် ၄ ဖြိုးစန္ဒာကျော်
Subscribe to