မင်္ဂလာဒုံမြို့နယ် ဘားလားချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ ဆယ်သိန်းငါးမျိုးစိုက်ထည့်

မင်္ဂလာဒုံ ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရွာမရပ်ကွက်ရှိ ဘားလားချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ ဆယ်သိန်းငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် ၉နာရီက ရန်ကုန်တိုင်းဒေသကြီး၊ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုးများစိုက်ထည့်ပေးကြောင်း သိရသည်။

ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရေး၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများရေရှည်စားသုံးနိုင်ရန်ရည်ရွယ်ကာ ဘားလားချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ ဆယ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ငါးမျိုးစိုက်ထည့်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးတင့်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်နေပြည်သူများက ဘားလားချောင်းအတွင်းသို့ ရွှေဝါ၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခုံးမငါးသားပေါက်ကောင်ရေဆယ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

မြတ်သူဇာ (ပြန်/ ဆက်)