ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသပေးလျက်ရှိကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြေ ပွဲနှင့် နံရံကပ်စာစောင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် ဇူလိုင် ၁၉ ရက်တွင် ရောက်ရှိမည့် (၇၆)နှစ်မြောက်အာဇာ နည်နေ အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က လောင်းလုံးမြို့၊ (ဃ)ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌  ကျင်းပသည်။

မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆) နှစ်‌မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မိုင်းလုံမြို့ အခြေခံပညာ အထက် တန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင် ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့အကြိုအထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းများတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စက်သုံးဆီ အရောင်းဆိုင်များမီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးခဲ့ကြောင်းသိရသည်။

မိုးနဲမြို့နယ် နားလင်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းဆောက်လုပ်ရန် အလှူငွေပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားလင်းကျေးရွာ၌ မြို့နယ်ဩဝါဒါ စရိရဆရာတော်၏ ဦးဆောင်စီစဉ်မှုဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းဆောင်သစ်၊ အိပ်ဆောင်နှင့် စားဖိုဆောင်များ ဆောက်လုပ်လျက်ရှိရာ မြို့နယ်နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အဆိုပါနေရာသို့ ယမန်နေ့နံနက် ၉ နာရီ အချိန်က အလှူငွေများသွားရောက် လှူဒါန်းပေးခဲကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ပြည်သူများထံ ကလေးအလုပ်သမားဥပဒေသိမှတ်ဖွယ်ရာ စာအုပ်များအခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း ကလေးအလုပ်သမားလျော့နည်းပပျောက်စေရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ၊ ကုန်းဇောင်းကျေးရွာ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လုပ်ငန်းလိုင်စင်ထုတ်ပေးထားသည့် လုပ်ငန်းရှင်ပြည်သူများထံ ကလေးအလုပ်သမားပပျောက်ရေး ဥပဒေသိမှတ်ဖွယ်ရာစာအုပ်များအခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကာလိမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်း(ကျိုင်းလွန်း)ကျောင်းနှင့်ပူပေါင်း၍ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မင်းတုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက်ပြည့်မီရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လောကမှန်ကင်းရွာဟောင်းကြီးဘုရားရှိ နံရံဆေးရေးပန်းချီဖြင့်ရေးဆွဲပူဇော်ထားသည့် နှစ်ကျိတ်ရှစ်ဆူဘုရားများကိုလေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ လောကမှန်ကင်းရွာဟောင်းကြီးဘုရားရှိ အေဒီ ၁၃ ရာစုက နံရံဆေးရေးပန်းချီများဖြင့် ရေးဆွဲပူဇော်ထားသည့် နှစ်ကျိတ်ရှစ်ဆူဘုရားများကို လေ့လာနိုင်ကြောင်း သိရသည်။
Subscribe to