စက်သုံးဆီ အရောင်းဆိုင်များမီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

ညောင်ဦး  ဇူလိုင်  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးခဲ့ကြောင်းသိရသည်။

ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်(လက်ထောက် ညွှန်ကြားရေးမှူး)နှင့် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်းနှင့်မီးသတ်တပ်ဖွဲ့ဝင်ထမ်းများသည် စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးဆိုင်ရာလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မီးဘေးလုံခြုံရေး ဆိုင်ရာပစ္စည်းကိရိယာများ ကောင်းမွန်မှုရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီးလိုအပ်သည်များအား စက်သုံးဆီအရောင်းဆိုင်တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း