ကာလိမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကာလိ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်း(ကျိုင်းလွန်း)ကျောင်းနှင့်ပူပေါင်း၍ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးဒေါ်ထင်ထင်ကျော်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိရန်အတွက် ကြိုးစားပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများကို အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ အ.လ.က(ကျိုင်းလွန်း)ကျောင်းမှ ဆရာမဒေါ်အိအိဖြူက ကျောင်းသား၊ ကျောင်းသူများကို ပြင်ပဗဟုသုတရရှိစေရန်အတွက် ကျောင်းစာအပြင် စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကိုသွားရောက်၍ ငှားရမ်းဖတ်ရှုလေ့လာစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဗဟုသုတရစေမည့် သုတ၊ ရသ၊ စာအုပ်စာစောင်များ စုံလင်စွာခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များ အခမဲ့ဌားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့ (ပြန်/ဆက်)