ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးနံရံကပ်စာစောင် ပြသ

ကမမောင်း ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များဖြစ်သည့် မူးယစ်ဆေးဝါးသုံးစွဲလျှင် စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ချွတ်ယွင်းခြင်း၊ မိမိကိုယ်ကို မိမိသေကြောင်းကြံခြင်း၊ မိသားစုစိတ်ဓာတ်လျော့နည်းလာခြင်း၊ “မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက်၊ လှပဘဝ မူးယစ်ကင်းမှ”၊ စိတ်ကြွဆေးကို အထင်မသေးသင့်ကြောင်း၊ စိတ်ကြွးဆေးသုံးစွဲလျှင် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိတတ်ကြောင်း စသည့်အချက်များ ပါဝင်သော နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သန့်ဇင်(ကမမောင်းပြန်/ဆက်)