လောင်းလုံးမြို့နယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြေ ပွဲနှင့် နံရံကပ်စာစောင်ပွဲကျင်းပ

လောင်းလုံး ဇူလိုင် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် ဇူလိုင် ၁၉ ရက်တွင် ရောက်ရှိမည့် (၇၆)နှစ်မြောက်အာဇာ နည်နေ အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က လောင်းလုံးမြို့၊ (ဃ)ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌  ကျင်းပသည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်သိန်းသိန်းက အာဇာနည်နေ့ပေါ်ပေါက်လာပုံ ဖြစ်စဉ်သမိုင်းအကြောင်းအရာများကို ဟောပြော၍ မြို့နယ်မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးရဲမင်းပိုင်က မီးးဘေး၊ သဘာဝဘေးနှင့် ပတ်သက်သောအကြောင်းအရာများအား ဆွေးနွေးဟောပြောကြား၍ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ၊ မိန့်ခွန်းနံရံကပ်စာစောင်များပြသဆောင်ရွက်ကာ ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)