မင်းတုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက်ပြည့်မီရေး ကွင်းဆင်းစစ်ဆေး

မင်းတုန်း ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးတို့သည် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ ဝန်တွင်းကျေးရွာသို့ ကွင်းဆင်းခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းရာတွင် တောင်သူများက လယ်မြေထွန်ယက်နေမှု၊ ကောက်စိုက်မှုနှင့် စိုက်ပျိုးပြီး အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများအားတွေ့ဆုံ၍ မိုးစပါး စိုက်ပျိုးပြီးစီးမှု ဧကအခြေအနေနှင့် လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)