မိုင်းလုံ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မိုင်းလုံမြို့ အခြေခံပညာ အထက် တန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်က အာဇာနည်နေ့ အကြောင်းကို ကျောင်းသား/ကျောင်းသူများ ကိုယ်တိုင်စာပေဖတ်ရှုပြီး လေ့လာမှုအားကောင်းစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲတွင် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၀) ဦးက "အာဇာနည်"နှင့်"တို့များမမေ့အာဇာနည်နေ့" ခေါင်းစဉ်တွင် မိမိတို့စိတ်ကြိုက်ရွေးချယ်ဖြေဆိုကာ ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင် ခဲ့ကြောင်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်ထံက သိရသည်။
ဇော်ဇော်