မိုးနဲမြို့နယ် နားလင်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းဆောက်လုပ်ရန် အလှူငွေပေးအပ်လှူဒါန်း

မိုးနဲ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားလင်းကျေးရွာ၌ မြို့နယ်ဩဝါဒါစရိရဆရာတော်၏ ဦးဆောင်စီစဉ်မှုဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းဆောင်သစ်၊ အိပ်ဆောင်နှင့် စားဖိုဆောင်များ ဆောက်လုပ်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အဆိုပါနေရာသို့ ယမန်နေ့နံနက် ၉ နာရီ အချိန်က အလှူငွေများသွားရောက် လှူဒါန်းပေးခဲကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်မြင့်နှင့်အဖွဲ့ဝင်များ ၊မြို့နယ်သာသနားရေး ဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လစဉ်စုပေါင်းလှူဒါန်းသော အလှူငွေကျပ် ၄၉၀၀၀၀ ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ဩဝါဒါစရိရဆရာတော် ဘဒ္ဒန္တမာဃိန္ဒက လက်ခံခဲ့ကြောင်း သိရှိရပြီး အဆောက်အဦဆောက်လုပ်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝိုးတောင်း(မိုးနဲ)