လဲချားမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်ခန့်က ဒေါက်တာမတင်ဝင်း ရေးသားသော “ပညာလိုလျှင် ပျိုမျစ်တယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့၌ ထိခိုက်ဒဏ်ရာရှေ့ဦးပြုစုခြင်း (ဆင့်ပွား) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့တော်ခန်းမ၌ မြို့နယ်ကြက်ခြေနီ အသင်း (ခွဲ) မှ ကြီးမှူးဖွင့်လှစ်သည့် ထိခိုက်ဒဏ်ရာ ရှေ့ဦးပြုစုခြင်း (ဆင့်ပွား) သင်တန်းကို ဇူလိုင်လ ၈ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်တွင် သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်၌ တစ်နိုင်တစ်ပိုင် အာလူးကြော်လုပ်ငန်းဖြင့် မိသားစုဝင်ငွေများ တိုးပွားပြီးအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာ၌ တစ်နိုင်တစ်ပိုင် အာလူးကြော်လုပ်ငန်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလျက် ရှိကြောင်း သိရသည်။

သရက်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ကျောင်းသား၊ ကျောင်းသားသူများအား ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စာစီစာကုံး၊ ကဗျာပြုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အထက်တန်းကျောင်း(ခွဲ) အလက(၃)၌ ကျင်းပခဲ့သည်။

ကန့်ဘလူမြို့နယ် အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသော ရာထူးအတွက် လျှောက်ထားနိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်း/ရုံး များအတွက် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူးများအတွက် လျှောက်ထားနိုင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျွန်းလှမြို့နယ်၌ တန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများအား တန်ဖိုးသင့်စားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၆ နာရီက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေမှုများကြောင့် မြေနိမ့်ပိုင်းကျရောက်သော နေအိမ်များအတွင်း ရေများဝင်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေနိမ့်ပိုင်းကျရောက်သော ရပ်ကွက်များရှိ နေအိမ်များ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် လားရှိုးဂေါက်ကွင်းတွင် ပျိုးပင်ပေါင်း ၃၀၃၀ ပင် စိုက်ပျိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးဂေါက်ကလပ်မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက လားရှိုးဂေါက်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ် စာကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များနှင့် စံညီစာကြည့်တိုက်များ ရေရှည်ရှင်သန်တည်တံ့စေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မြို့နယ်စာကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to