ပျော်ဘွယ်မြို့နယ်တွင် ၇၆ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဇူလိုင် ၁၄

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပခြင်းကို ဇူလိုင်လ(၁၄)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဖြစ်သည့် ကျောင်းသားလူငယ်များ မမေ့လျော့စေရန်အတွက်လည်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းများကို သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်းတို့ကိုရှင်းလင်းဆွေးနွေးသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အထက-(၂)ပန်းစုံ၊ အထက(ယင်းတော်)၊ အထက-ခွဲ(အောင်သာ)တို့မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၂)ဦးတို့က အာဇာနည်နေ့နှင့်ပတ်သက်သော မိမိစိတ်ကြိုက်ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများကို ဇူလိုင်လ(၁၈) ရက်နေ့တွင်ကျင်းပပြုလုပ်မည့်အခမ်းအနား၌ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)